ထင်ရှားသော မင်းဘူးသားများ

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ ‘၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း’ စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


Graphic Comments

လက်ဝဲ မင်းညို [၁၉၁ဝ – ၁၉၉ဝ]

မင်းဘူးမြို့ ဓာတ်တော်ကုန်း ရပ်၌ အဖ အမိန့်တော်ရ ရှေ့နေကြီး ဦးရွှေလှိုင်၊ အမိ ကျောင်း ဆရာမ ဒေါ်ညို တို့က ၁၉၁ဝ ပြည့်နှစ် ဖေဖော်ဝါရီ ၁၄ ရက် (မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ်တွင် ၁၉ဝ၇ ခုနှစ် မေ ၂၇ ရက်ဟု ပြသည်) တနင်္လာနေ့တွင် ဖွားမြင်သည်။ မွေးချင်း ငါးယောက်တွင် စတုတ္ထုမြောက် ဖြစ်၍ တဦး တည်းသော သားယောက်ျား ဖြစ်သည်။ အမည်ရင်းမှာ မောင်ချမ်းသာ ဖြစ်သည်။

မင်းဘူး ဟိုက်စကူး ကျောင်းတွင် ပညာ သင်ယူ ခဲ့သည်။ ၁၉၂၆ တွင် ၁ဝ တန်းကို ဂုဏ်ထူး နှစ်ခုဖြင့် အောင်ခဲ့သည်။ ၁၉၂၉ – ၃၁ အတွက် ကောလိပ် စကောလားရှစ်ဆု ရခဲ့သည်။ ၁၉၃၁ တွင် ဝိဇ္ဇာ (ရာဇဝင် ဂုဏ်ထူး) ရရှိ ခဲ့သည်။ ၁၉၃၂ – ၃၄ အတွင်း အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ် နယူး ကောလိပ်တွင် အိုင်စီအက်စ် အစမ်းခန့် သင်တန်း တက်ခဲ့သည်။

၁၉၃၄ ခု မြန်မာပြည်သို့ ပြန်ရောက်သော အခါ စစ်ကိုင်းတိုင်း အလုပ်သင် နယ်ပိုင် ဝန်ထောက် အဖြစ် စတင် အမှုထမ်း ခဲ့သည်။ ထို့နောက် မန္ဈလေး အရှေ့ပိုင်း နယ်ပိုင် ဝန်ထောက်၊ ပုသိမ် ခရိုင် ကြေးတိုင် ဝန်ထောက်၊ ပဲခူး နယ်ပိုင် ဝန်ထောက်၊ လယ်သီးစားနှုန်း ကန့်သတ်ရေး ကော်မရှင် အတွင်းရေးမှူး၊ အတွင်းဝန်များရုံး ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုလက်မှု ဌာန လက်ထောက် အတွင်းဝန် (၁၉၄ဝ – ၄၁)၊ ရမည်းသင်း အရေးပိုင်၊ ပြည် အရေးပိုင်၊ ကျောက်ဆည် ခရိုင်ဝန် (၁၉၄၂ – ၄၃)၊ မင်းဘူး ခရိုင်ဝန် (၁၉၄၃ – ၄၅)၊ အစိုးရ နယ်သစ် ဌာန အုပ်ချုပ်ရေး မင်းကြီး၊ ပြည်သူ့ လုပ်ငန်းနှင့် ပြန်လည် ထူထောင်ရေး ဌာန တွဲဖက် အတွင်းဝန်၊ ကူးသန်း ရောင်းဝယ်ရေး ဌာန တွဲဖက် အတွင်းဝန်၊ ပြည်သူ့ ပစ္စည်း ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဌာန အတွင်းဝန်၊ ဝန်ကြီးချုပ်၏ အတွင်းဝန် (၁)၊ စသုံးလုံး အဖွဲ့ နာယက တာဝန်များကို ထမ်းဆောင် ခဲ့ပြီးနောက် ၁၉၅၈ တွင် အငြိမ်းစား ယူခဲ့သည်။

ထို့နောက် သန့်ရှင်း ဖဆပလနှင့် ပြည်ထောင်စု ပါတီ တို့တွင် အလုပ်အမှုဆောင်၊ မင်းဘူး (တောင်) ပါလီမန် အမတ် (၁၉၆ဝ)၊ အမျိုးသား စီမံကိန်း ဌာန ပါလီမန် အတွင်းဝန်နှင့် နိုင်ငံခြားငွေ ရင်းနှီးမြှပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ (၁၉၆ဝ – ၆၂) အဖြစ် ဆောင်ရွက် ခဲ့သည်။ တောင် ဗီယက်နမ် (၁၉၅၆)၊ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် (၁၉၆ဝ) နှင့် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ အင်္ဂလန် တို့တွင် ငွေရင်းနှီး မြှပ်နှံမှု ကိစ္စ လေ့လာရန် သွားရောက် ခဲ့သည်။

အဆို၊ အတီး၊ အက၊ ပန်းချီ၊ စာပေ တို့တွင် အထူး ဝါသနာ ပါသည်။ မြန်မာနိုင်ငံ စာရေးဆရာ အသင်း၊ မြန်မာပြည် ပန်းချီ ဆရာများ အသင်းနှင့် စာပေဗိမာန် တို့တွင် ရာသက်ပန် အသင်းဝင် ခဲ့သည်။ ၁၉၂၄ ခုနှစ်မှ စ၍ ကဗျာ လင်္ကာ ရတုများ ရေးခဲ့သည်။ ဂန္ဈလောက၊ နဝဒေးနှင့် သင့်ဘဝ တို့တွင် ဝတ္ထုတိုနှင့် ဆောင်းပါးများ ရေးခဲ့သည်။ မေတ္တာနှင့် သစ္စာ (၁၉၅၅)၊ စာရိတ္တ ဂုဏ်ရည် (၁၉၅၆)၊ လူ့ဂုဏ်ရည် (၁၉၅၇) ၊ ပဒေသာ ရတုများ (၁၉၅၇)၊ အနုပညာ ဂုဏ်ရည် (၁၉၅၉)၊ မင်းဘူး ဦးသြဘာသာ၏ ဘဝနှင့် စာပေ (၁၉၈၆)၊ အနုပညာ လင်္ကာကျမ်း (၁၉၈၆)၊ က္ဆွန်တော် အိုင်စီအက်စ် (၁၉၈၈) တို့အပြင် ဒီမိုကရေစီ ဂုဏ်ရည်နှင့် ဒီမိုကရေစီ လူ့ကျင့်ဝတ် တို့ကို ပြုစုခဲ့သည်။ ‘ပဒေသာ ရတု’ များဖြင့် ၁၉၅၈ ခုနှစ် စာပေဗိမာန် ကဗျာဆုကို နုယဉ်နှင့် တွဲဖက် ဆွတ်ခူး ခဲ့သည်။ သရေ စည်သူဘွဲ့ (၁၉၅၈) နှင့် မဟာ သရေ စည်သူဘွဲ့ (၁၉၅၈) တို့ကိုလည်း ရရှိ ခဲ့သည်။

၁၉၉ဝ ပြည့်နှစ် နိုဝင်ဘာ ၂ဝ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန် ခဲ့သည်။

စာညွှန်း

1. ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ၊ စာ ၇၄-၇၅။
2. မောင်ဇေယျာ။ မြန်မာ လူကျော် ၁ဝဝ (ပထမတွဲ)။ စာ ၂၄-၃ဝ။
3. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၁)။ စာ ၂ဝ၆-၂ဝ၈။
………………………………………………………………………………………
မင်းနွယ်

၂ဝဝ၅ ခု၊ ဇူလိုင်ထုတ် ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်တဲ့ ‘၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း’ စာအုပ်မှ စာရေးတွေရဲ့ အတ္ထုပ္ပတ္တိ အကျုဉ်း တွေကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

မင်းနွယ် [၁၉၁၁ – ၁၉၉ဝ]

Graphic Comments

မင်းဘူး ခရိုင် လယ်ကိုင်း မြို့ဟောင်းတွင် အဖ ကြေးတိုင် စာရေးကြီး ဦးသင်၊ အမိ ဒေါ်အေး တို့က ၁၉၁၁ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ (၁၉ဝ၉ ခုနှစ် သြဂုတ်လ ၃ဝ ရက် တနင်္လာနေ့ဟု မလိခက ဖော်ပြသည်) တွင် မွေးဖွား ခဲ့သည်။ ၁ဝ နှစ်သားတွင် မိခင် ကွယ်လွန် သွားခဲ့သည်။ မွေးချင်း နှစ်ယောက်တွင် အကြီးဆုံး၊ အမည်ရင်းမှာ ဦးသန်းမောင် ဖြစ်သည်။

စစ်တွေမြို့ မူလတန်းကျောင်း (၁၉၁၆ – ၁၇)၊ မြောင်းမြမြို့ မူလတန်းကျောင်း (၁၉၁၇ – ၁၈)၊ ထားဝယ်မြို့ မူလတန်းကျောင်း (၁၉၁၈ – ၁၉)၊ မြိတ်မြို့ မူလတန်းကျောင်း (၁၉၂ဝ)၊ ဖျာပုံမြို့ မူလတန်းကျောင်း (၁၉၂ဝ – ၂၂)၊ ရန်ကုန် အလယ်တန်းကျောင်း (၁၉၂၅ – ၂၈)၊ မြို့မ အထက်တန်းကျောင်း (၁၉၃၃ – ၃၄)၊ လယ်ကိုင်းမြို့ အထက်တန်းကျောင်း (၁၉၃၄ – ၃၅) တို့၌ ပညာ သင်ခဲ့သည်။ ၁၉၃၅ တွင် မြန်မာ ကိုးတန်း အောင်သည်။ တက္ကသိုလ်ဝင် စာမေးပွဲ (၁၉၅၃) နှင့် ဥပစာတန်း စာမေးပွဲ (၁၉၅၆) တို့ကို အလွတ် ဖြေဆို အောင်မြင် ခဲ့သည်။ ၁၉၃၅ – ၃၇ တွင် မန္ဈလေး နော်မန် ကျောင်းမှ ဆရာဖြစ် အောင်သည်။

ဓနုဖြူ မြို့တွင် ကျောင်းဆရာ အဖြစ် စတင် အမှု ထမ်းခဲ့သည်။ ၁၉၃၇ – ၃၉ တွင် ရေနံချောင်းမြို့ ညောင်လှရပ် ဘီအိုစီကျောင်း၌ အလယ်တန်းပြဆရာ၊ ၁၉၃၉-၄၁ တွင် ချောက်မြို့ ဘီအိုစီ လွှစက် ကျောင်း၌ ဆရာ အဖြစ် အမှု ထမ်းခဲ့သည်။ ရေနံချောင်း ညောင်လှ ဘီအိုစီ ကျောင်းတွင် အမှုထမ်း နေစဉ် တပည့်များကို ကျောင်းစာ သာမက မျိုးချစ် စိတ်နှင့် စစ်ပညာ သင်ကြား ပေးမှုကြောင့် သက်ဆိုင်ရာ အာဏာပိုင် များနှင့် မပြေမလည် ဖြစ်ကာ အလုပ်မှ နုတ်ထွက် ခဲ့ဖူးသည်။ ၁၉၅၁ တွင် ရန်ကုန်၌ ‘မင်းနွယ်’ ပုံနှိပ်တိုက် တည်ထောင်၍ စာစောင် တခု ထုတ်ဝေ ခဲ့သည်။ ၁၉၅၂ တွင် မင်းဘူး၌ ‘မင်းနွယ်’ ပုံနှိပ်တိုက် ဖွင့်လှစ် ခဲ့ပြီး ၁၉၅၃ – ၆၆ တွင် လယ်ကိုင်း အလယ်တန်း ကျောင်းအုပ် အဖြစ် ပြန်လည် အမှု ထမ်းခဲ့ သည်မှာ ၁၉၆၆ ခု အငြိမ်းစား ယူချိန် အထိပင် ဖြစ်သည်။

အင်္ဂလိပ် တော်လှန်ရေးတွင် မြေအောက် တော်လှန်ရေး တာဝန် ယူခဲ့ပြီး၊ ဒုတိယ ကမ္ဘာစစ် အတွင်း၌ ပွင့်ဖြူ မြို့နယ် ပညာရေးမှူးနှင့် အာရှ လူငယ် အဖွဲ့ ဥက္ကဋ္ဌ၊ ၁၉၄၅ – ၄၆ တွင် ပွင့်ဖြူ မြို့နယ် ဖဆပလ အဖွဲ့ အမှုဆောင်နှင့် ၁၉၄၇ တွင် ပွင့်ဖြူ မြို့နယ် ဖဆပလ အဖွဲ့ အတွင်းရေးမှူး တာဝန် တို့ကို ယူခဲ့သည်။

ရန်ကုန် မြို့မ ကျောင်းတွင် ပညာ သင်ယူ နေစဉ် နိုင်ငံပေါင်းချုပ် အသင်းကြီးက ကျင်းပသော ဘာသာပြန် ပြိုင်ပွဲတွင် ပထမဆု ရခဲ့သည်။ ထိုစဉ်ကပင် ‘မြို့မသန်း’၊ ‘တောသားကြီး’ ကလောင် အမည် များဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ မြို့မ ဝံသယုဝ ဂျာနယ် ၌လည်း ‘တောသားကြီး’ ကလောင် အမည် ဖြင့်ပင် ဝတ္ထု စရေးသည်။ နော်မန်ကျောင်း နောက်ဆုံး နှစ်တွင် ရန်ကုန်မြို့ ကြီးပွားရေး မဂ္ဂဇင်းက ပြုလုပ်သော “တာဝတိံသာသွား မှတ်တမ်း” ခေါင်းစဉ်နှင့် ဆောင်းပါး ပြိုင်ပွဲတွင် ပထမဆု ရခဲ့သည်။ နောက်တလ ကြီးပွားရေး မဂ္ဂဇင်း ဝတ္ထုတို ပြိုင်ပွဲ တွင်လည်း ပထမ ဆုပင် ရခဲ့ ပြန်သည်။ ထိုပြိုင်ပွဲ များမှ စ၍ ‘မင်းနွယ်’ ကလောင် အမည်ကို သုံးခဲ့သည်။ “ဘားမားဂျာနယ်” ဝတ္ထုတို ပြိုင်ပွဲ တွင်လည်း ဆက်တိုက် ဆုရခဲ့ ပြန်သည်။ ဤသို့ဖြင့် ၁၉၃၅ မှ ၁၉၇၆ အထိ စာပေ ဆောင်းပါး၊ ကျေးလက် ပညာပေး ဆောင်းပါး၊ ကျေးလက် ဝတ္ထုများ အပုဒ်ပေါင်း ၆ဝ ကျော် ရေးခဲ့သည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက အချစ်ဆန်း တမူးတန် ဝတ္ထု ရေးခဲ့၏။ စကားနှင့် စကား အခြေအတင် ပြောနည်း၊ အမှောင်တွင်းက အသူရကာယ်များ (ပြည့်တန်ဆာ လောက) (၁၉၅ဝ)၊ ဂုဏ်နှင့် ရင်အေး (၁၉၅၆) ဝတ္ထုများနှင့် ကောက်သင်း (၁၉၇၂)၊ ဘဝ ပဲ့တင်သံများ (၁၉၇၆)၊ ပြည်သစ် စိတ်သစ်တို့ အုတ်မြစ်နှင့် စာတို ပေစ မနေ့က (၁၉၈ဝ) စသည့် စာပေါင်းစု စာအုပ်များမှာ ထင်ရှားသည်။ ရှေးဟောင်း စာနယ်ဇင်း စုဆောင်းမှုတွင် ဝါသနာ ထုံသည်။ လွတ်လပ်ရေး မော်ကွန်းဝင် (တတိယဆင့်) ချီးမြှင့် ခံရသည်။

၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် မင်းဘူး မြို့၌ ကွယ်လွန် ခဲ့သည်။

စာညွှန်း ။ ။

1. မလိခ။ မြန်မာ စာပေ အဘိဓာန်၊ မိုးဝေ (ဒီဇင်ဘာ ၁၉၈၄)။ စာ ၄၈။
2. လူထု ဒေါ်အမာ။ လွမ်းသူ့စာ။ စာ ၃၆၉ – ၃၇၃။
3. ဘထွေး။ စာပြု စာစု ဦးမင်းနွယ်၊ ရှုမဝ (ဖေဖော်ဝါရီ ၁၉၉၁)။ စာ ၇၂-၇၄။
4. ရှုမဝ စာတည်း အဖွဲ့။ ဝမ်းနည်း မှတ်တမ်း၊ ရှုမဝ (ဖေဖော်ဝါရီ ၁၉၉၁)။ စာ ၉ဝ။
5. မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၉၂)။ စာ ၂၆၁-၂၆၂။
6. ဘဝနိဂုံး၊ မိုးဂျာနယ် (ဖေဖော်ဝါရီ ၁၉၉၁)။ စာ ၇၇။]
…………………………………………………………………………………………………….
ဆရာတော် ဦးသြဘာသ

Graphic Comments

ဆရာတော်ကို (၁၂၀၀)ပြည့်အနီတသိုက်တွင်ဖွါးမြင်သည်ဟု ထင်မှတ်ရသည်။စကုပိုင် ရပ်သာမြို့ မင်းဘူးရွာတွင် ဖွားမြင်ပြီး အသည်ကြီးဧ။် သားဖြစ်သည်။မင်းဘူးရွာအနောက်ဘက်ရှိ လေသာကျောင်းဆရာတော်ဧ။် တပြည့်ရင်းဖြစ်သည်။ ကျောင်းတကာဦးဝဧ။်သား သူငယ်ချင်းမောင်ထောက ကလျောက်ထားသောကြောင့် ဇာတ်ကြီး ဆယ်ဖွဲ့အားရေးခဲ့သည်။်
ဇာတ်ကြီးဆယ်ဘွဲ့ စကားပြေများဝတ္ထုများအနက် ဝေဿန္တရာ ၊ စန္ဒကုမာရ ၊ ၀ိဓုရ ၊ မဟောသဓ ၊ နာရဒ ၊ ဇနက ၊ နေမိ ၊ တေမိဟူသော ဇာတ်တော်ကြီး ရှစ်ဘွဲ့ကို ဘိုးတော်ဘုရားလက်ထက် မင်းဘူး ဦးသြဘာသ စီရင်ခဲ့သည်။
၁။ဘူရိဒတ် ဇာတ်တော်ကြီးကို ၁၁၄၈ ခုတွင်မင်းဘူးမြို့ ၊ အနောက်လေသာကျောင်းတိုက် ဆရာတော်၏ တပည့် နန္ဒမေဍာ စီရင်ခဲ့သည်။
၂။သုဝဏ္ဏသာမ ဇာတ်ကို၁၁၈၈ ခုတွင်မင်းဘူးမြို့ ရန်ကုန်တိုက် ၊ ရန်ကုန်ဆရာတော်၏တပည့် ဦးပညာတိက္ခ စီရင်ခဲ့သည်။
ဆရာတော်ဦးသြဘာသက
၃။ဝိဒူရဇာတ်နှင့်
၎။ဝေသ၁န္တရာဇာတ် ကို၁၁၄၅တွင်ရေးခဲ့သည်။
၅။မဟောသဓဇာတ်ကို၁၁၄၆တွင်ပြီးဆုံးသည်။
၆။မဟာဇနကဇာတ်ကို ၁၁၄၇နှင့်
၇။နေမိဇာတ်နှင့်
၈။တေမိဇာတ်များကို ၁၁၄၈တွင်အပြီးရေးသားခဲ့သည်။
၉။ဝေဿန္တရာဇာတ်တော်ကြီးကို ၁၁၄၅ ခု တပေါင်းလဆန်း ၉ ရက်နေ့တွင်ပြီးဆုံးခဲ့သည်။


ပေးပို့သူ
“သိန်းသန်းထိုက်” အား

အထူးကျေးဇူးတင်ရှိပါသည်။
မင်းဘူးသား
…………..
……………………………………………………………………………..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: